The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 94

1အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။

2မြေကြီး သားတို့ကို တရား ဆုံးဖြတ်တော်မူသောအရှင်၊ ထ တော်မူပါ။ မာနကြီး သောသူတို့ အား အကျိုး အပြစ် ကို ဆပ်ပေး တော်မူပါ။

3အိုထာဝရဘုရား ၊ မ တရားသောသူတို့ သည် အဘယ် မျှကာလ ပတ်လုံး ဝမ်းမြောက် ကြပါလိမ့်မည်နည်း။

4အဓမ္မ အမှုကို ပြု သမျှ သောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်း သော စကားကိုပြော လျက်၊ အဘယ် မျှ ကာလ ပတ်လုံး ဝါကြွား ကြပါလိမ့်မည်နည်း။

5အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူ တို့ကို နှိပ်စက် ၍ ၊ အမွေ တော်ကို ညှဉ်းဆဲ ကြပါ၏။

6မုတ်ဆိုးမ နှင့် ဧည့်သည် ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ် ကြပါ၏။

7သို့ရာတွင် ၊ ထာဝရ ဘုရားသည် မ မှတ် တတ်ဟု ဆို ကြပါ၏။

8တိရစ္ဆာန် သဘောရှိသောသူ တို့၊ နားလည် ကြလော့။ လူမိုက် တို့၊ အဘယ် ကာလမှ ပညာ သတိကို ရကြလိမ့်မည်နည်း။

9နား ကို စိုက် ထားတော်မူသောသူသည် မ ကြား ရ သလော ။ မျက်စိ ကို ဖန်ဆင်း တော်မူသောသူသည် မ မြင် ရသလော။

10လူ အမျိုးမျိုးတို့ကို ဆုံးမ တော်မူသောသူသည် အပြစ် မ ပေးရသလော။ လူ တို့အား ပညာ အတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။

11လူ တို့၏အကြံအစည် သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရဘုရား သိ တော်မူ၏။

12အို ထာဝရ ဘုရား၊ မတရား သောသူတို့အဘို့ တွင်း တူး စဉ်အခါ ၊ ဒုက္ခ နေ့ရက် ကာလနှင့် လွတ် ခြင်းချမ်းသာကို ပေးအံ့သောငှါ၊

13ကိုယ်တော် ဆုံးမ ၍ ၊ တရား တော်ကိုသွန်သင် တော်မူသော သူ သည် မင်္ဂလာ ရှိပါ၏။

14ထာဝရဘုရား သည် မိမိ လူ တို့ကိုမ ပယ် ၊ အမွေ တော်ကို စွန့်ပစ် တော်မ မူ။

15တဖန် ဖြောင့်မတ် ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ၍ ၊ သဘော ဖြောင့် သောသူအပေါင်း တို့ သည် နောက် တော်သို့လိုက်ကြပါလိမ့်မည်။

16လူဆိုး တို့ကို ဆီးတား၍ ငါ့ ဘက် မှာ အဘယ်သူ ထ မည်နည်း။ မ တရားသောသူတို့ ကို ဆီးတား ၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေ မည်နည်း။

17ထာဝရဘုရား သည် ငါ့ ကိုမစ တော်မ မူလျှင်၊ ငါ့ ဝိညာဉ် သည် ဆိတ်ညံ ရာအရပ်၌ မ ကြာမမြင့်မှီနေရာ ကျရလိမ့်မည်။

18ငါ့ ခြေ ချော် လျက်ရှိသည်ဟု အကျွန်ုပ်ဆို သောအခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ကရုဏာ သည် အကျွန်ုပ် ကိုထောက် မပါ၏။

19အကျွန်ုပ် ၏ နှလုံး ထဲမှာ စိတ် များပြား သောအခါ ၊ ကိုယ်တော် သည် သက်သာ စေတော်မူသဖြင့်၊ အကျွန်ုပ် ၏ ဝိညာဉ် သည် ရွှင်လန်း ပါ၏။

20မ တရားသောအကြံကို မင်း ၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မ ရာဇ ပလ္လင်သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရပါမည်လော။

21ဖြောင့်မတ် သောသူ၏အသက် ကို သတ်ခြင်းငှါစုဝေး ကြပါ၏။ အပြစ် မရှိသောသူကို သေ စေခြင်းငှါ စီရင် ကြပါ၏။

22သို့သော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ၏။ ငါ ၏ဘုရား သခင်သည် ငါ ခိုလှုံ ရာ ကျောက် ဖြစ်တော်မူ၏။

23သူ တို့၏အပြစ် ကို သူ တို့အပေါ် သို့ ရောက် စေတော်မူမည်။ အဓမ္မ အမှုကို ပြုစဉ်တွင်ပင် ပယ် ဖြတ်တော်မူ မည်။ ငါ တို့၏ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို ပယ် ဖြတ်တော်မူမည်။

← Psalms 93Read In The App, Free →Psalms 95 →

Study Psalms 94

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150