The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 77

1ငါ သည် ဘုရား သခင့်ထံသို့ အသံ ကို လွှင့်၍ အော်ဟစ် ၏။ ဘုရား သခင့်ထံသို့ အသံ ကိုလွှင့်၍ ဘုရားသခင်သည် ငါ့ စကားကို နားထောင် တော်မူလိမ့်မည်။

2ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။

3ဘုရား သခင်ကို အောက်မေ့ ၍ စိတ်ပူပန် ခြင်းရှိ၏။ ဆင်ခြင် ၍ စိတ် ပျက် ခြင်းသို့ ရောက်တတ်၏။

4မျက်စိ မှိတ် ၍ မပျော်နိုင်။ လှုပ်ရှား ခြင်းရှိသောကြောင့် နှုတ် မ မြွက်နိုင်။

5လွန် လေပြီးသော နေ့ရက် ကို၎င်း၊ ရှေး ကာလ ကို ၎င်းအောက်မေ့ ၏။

6ညဉ့် အခါ၌ လည်း ငါသည် ကိုယ် သီချင်း ကို ဆင်ခြင် ၍ ၊ ကိုယ် စိတ် နှလုံး နှင့် ဆွေးနွေး သဖြင့်၊ ငါ့ ဝိညာဉ် သည် စစ်ဆေး ခြင်းကို ပြု၏။

7ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မူမည် လော ။ နောက် တဖန် ကျေးဇူး အလျှင်းမ ပြုဘဲ နေတော်မူ မည်လော။

8ကရုဏာ တော်သည် အစဉ် ကုန် ပြီလော။ ဂတိ တော် လည်း ကာလ အစဉ်အဆက်ပျက် လိမ့်မည်လော။

9ဘုရား သခင်သည် သနား ခြင်းငှါမေ့လျော့ တော်မူသလော။ အမျက် ထွက်သဖြင့် စုံစမ်းခြင်းကရုဏာ တော် ကို ချုပ်တည်း တော်မူသလော။

10ထိုသို့ ဆိုသော်ငါသည် ကိုယ် မိုက် ကြောင်းကို ဝန်ခံ ရ၏။ ဤ အမှုကား၊ အမြင့်ဆုံး သော ဘုရား၏ လက်ျာ လက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။

11ထာဝရ ဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေး ကာလ၌ ကိုယ်တော် ပြုဘူးသော အံ့ဩ ဘွယ် တို့ကို အောက်မေ့ ပါမည်။

12ပြု တော်မူသမျှ တို့ကို ဆင်ခြင် ၍ စီရင် တော်မူသော အရာတို့ကို မြွက် ဆိုပါမည်။

13အိုဘုရား သခင်၊ ကိုယ်တော် ၏ လမ်း သည် သန့်ရှင်း ခြင်းနှင့် ယှဉ်ပါ၏။ ဘုရား သခင်ကဲ့သို့ အဘယ် မည်သော ဘုရား သည် ကြီးမြတ် သနည်း။

14ကိုယ်တော် သည် အံ့ဘွယ် သော အမှုတို့ကို ပြု တတ်သော ဘုရား ဖြစ်တော်မူ၏။ လူမျိုး တို့တွင် တန်ခိုး တော်ကို ပြ တော်မူပြီ။

15ကိုယ်တော် ၏ လူ တည်းဟူသောယာကုပ် နှင့် ယောသပ် ၏အမျိုး ကို လက်ရုံး တော်နှင့် ကယ်နှုတ် တော်မူပြီ။

16အို ဘုရား သခင်၊ ရေ တို့သည် ကိုယ်တော် ကို မြင် ကြပါ၏။ ရေ တို့သည် ကိုယ်တော် ကို မြင် ၍ ကြောက်ရွံ့ ကြပါ၏။ ရေနက်နဲ ရာအရပ်တို့လည်း လှုပ်ရှား ကြပါ၏။

17မိုဃ်းတိမ် တို့သည် ရေ ကို သွန်းလောင်း ၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံ ဗလံပြု ကြပါ၏။ ကိုယ်တော် ၏ မြှား တို့သည် အရပ်ရပ်သို့ ရောက် ကြပါ၏။

18ကိုယ်တော် ၏ မိုဃ်းကြိုး သံ သည် လေဘွေ ၌ ပါ၍၊ လျှပ်စစ် ပြက်သဖြင့်၊ လောက ကို လင်း စေပါ၏။ မြေကြီး သည်လည်း တုန် လှုပ် ပါ၏။

19ကိုယ်တော် သည် သမုဒ္ဒရာ ၌ ကြွ တော်မူ၍ ၊ လမ်း ခရီးတော်သည် ကျယ်ဝန်း သော ရေ တွင် ရှိသဖြင့် ၊ ခြေ တော်ရာတို့သည် မ ထင်ရှား ကြပါ။

20မောရှေ နှင့် အာရုန် တို့လက် ဖြင့် ကိုယ်တော် ၏ လူ များတို့ကို သိုးစု ကဲ့သို့ ပို့ဆောင် တော်မူ၏။

← Psalms 76Read In The App, Free →Psalms 78 →

Study Psalms 77

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150